Friday, May 18, 2018

C030 Coraline (2009) {Animation,Family,Fantasy}


မိသားစုသုံးစုလောက် နေလို့ရတဲ့ ပန်းရောင်ရဲတိုက်ကြီးသို့ မိသားစုတစ်စုပြောင်းလာခဲ့ပါတယ်
ရဲတိုက်ရဲ့မူလပိုင်ရှင်က ကလေးရှိတဲ့မိသားစုကို အခန်းငှားခွင့်မပြုပေမဲ့ ရဲရင့်စူးစမ်းတဲ့ ကလေးမလေးတစ်ယောက် သူ့မိသားစုကို ငြူစူရင်း လိုက်ပါလာခဲ့ပါတယ်။
ကလေးမလေးနာမည်ကတော့ ကိုရာလိုင်းပါ
အဲဒီညမှာပဲ သူမဟာ အိမ်ထဲမှာ တံခါးပေါက်သေးသေးလေးရှိတာကို သတိထားမိပြီး ဝင်သွားမိတဲ့အခါမှာတော့ ထူးဆန်းအံ့ဖွယ်တွေနဲ့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကိုတွေ့ရှိခဲ့ပါတယ်။
အဲဒီပတ်ဝန်းကျင်မှာပဲ မွေ့လျော်နေတဲ့  ကိုရာလိုင်းတစ်ယောက် ကြောင်တစ်ကောင်နဲ့မိတ်ဆွေဖွဲ့မိပြီး မထင်မှတ်တဲ့ အန္တရာယ်ဆိုးကြီးကို သတိပြုမိလိုက်တဲ့အခါမှာတော့…။
2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Coraline ရုပ်ရှင်ဟာဆိုရင် Nail Gaiman ရဲ့ ဝတ္တုကိုအခြေခံထားပြီး stop-animation တွေထုတ်လုပ်နေကျ LAIKA production ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာ၊ ဇာတ်ကောင်ဒီဇိုင်းနဲ့ ထုတ်လုပ်မှုဒီဇိုင်းတွေကြောင့်လဲ အကယ်ဒမီဆုတွေရရှိခဲ့ပါတယ်။
Animation ပေမဲ့ရယ်စရာမဟုတ်သလို ဗြုန်းကြီးထိတ်လန့်စရာမျိုးလဲမဟုတ်ပဲနဲ့ ရင်ဖိုကျောချမ်းစိတ်လှုပ်ရှားဖွယ်ရာမျိုးဖြစ်ပါတယ်။
ချမ်းအေးပြီး ဆိတ်ငြိမ်တဲ့ ညမျိုးလေးမှာ ခံစားကြည့်ရှုဖို့အသင့်တော်ဆုံးပေါ့ဗျာ။
Credit:Mmsubtitles.co

No comments:

Post a Comment