Friday, May 18, 2018
C019 Cloudy with a Chance of Meatballs 2 (2013) {Animation,Action,Adventure}
မိုးလေ၀သကနေ အစားအစာထုတ်တဲ့ ကားလေးဆိုရင်လူတိုင်းသိကြမှာပဲဖြစ်ပါတယ်…
ငယ်ငယ်တည်းကသိပ္ပံပညာကိုရူးသွပ်တဲ့ဖလင့်ဟာ နည်းပေါင်းစုံသုံးပြီးတော့လက်တွေ့စမ်းသပ်မှု့တွေလုပ်ခဲ့ပါတယ်….
မိဘတွေတားမြစ်တဲ့ကြားက ရူးသွပ်နေမြဲဖြစ်တဲ့ ဖလင့်ဟာနောက်ဆုံးတော့ ဂြိုလ်တုလေးတစ်ခုထဲကိုရေလေးထည့် ကိုယ်လိုချင်တဲ့စားစရာတွေကို နှိပ်ပေးလိုက်ရုံနဲ့ စားစရာတွေအလိုလျောက်ကျလာတဲ့ စားစရာထုတ်မိုးလေ၀သစက်ကိုတီထွင်နိုင်ခဲ့ပါတယ်….
သူ့ရဲ့တီထွင်မှု့ဟာအောင်မြင်ခဲ့သလို ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်လာခဲ့ပါတယ်…..
အဲလိုဘေးထွက်ဆိုးကျိုးတွေအတွက်ကြောင့် နောက်ဆုံးမှာသူကိုယ်တိုင်ပဲသူတီထွင်ပြီး သူအမြတ်တနိုးထားရတဲ့ အဲစက်လေးကိုဖျက်ဆီးခဲ့ရပါတယ်….
ဒီကားလေးကတော့ ထိုအပိုင်းလေးရဲ့နောက်ဆက်တွဲကားလေးဖြစ်ပါတယ်….
ဒီအပိုင်းလေးမှာ သူဖျက်ဆီးခဲ့တဲ့ စားစရာထုတ်မိုးလေ၀သစက်နဲ့မပြီးသေးတဲ့နောက်ဆက်တွဲ ပြသနာတွေကိုဖြေရှင်းရမှာပဲဖြစ်ပါတယ်….
ချစ်စရာ Animation လေးတွေနဲ့ရိုက်ကူးထားတဲ့ ဒီ Animation လေးဟာ ကြည့်ရသူများအဖို့ တကယ်ကိုကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment