ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ …
မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး…
ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း????)
ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်..
တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့..
တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး…
စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး…
အနာဂတ်ကလာတာ????
ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ …
ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်…
သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့
Credit:Channel Myanmar

No comments:
Post a Comment