Friday, May 18, 2018

C025 The Little Mermaid (1989) {Animation,Family,Fantasy}


Rating 7.6 အထိရရှိထားတဲ့ Disney ရဲ့  Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
ဒီကားလေးထဲမှာပါတဲ့ ရေသူမလေးအေရီရယ်ဟာ Disney ကပွဲထုတ်ထားတဲ့  မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး…
ပင်လယ်ပြင်ရေအောက်ရဲ့အလှအပတွေကို ဒီကားလေးထဲမှာတ၀ကြီးခံစားရမှာလည်းဖြစ်ပါတယ်….
ဒီကားလေးဟာ ကျွန်တော်တို့ငယ်ငယ်လေးတည်းက မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…..
ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်ဖြင့် ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်က မြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်….
ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာ လူသားဖြစ်အောင်ဖန်ဆင်းပေးဖို့ သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်….
ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက် တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား
သူမရဲ့သူငယ်ချင်းရေသတ္တ၀ါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ
သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လို့ရနိုင်မလားဆိုတာတွေကို ရသစုံလင်စွာ ကြည့်ရှု့အပန်းဖြေလို့ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar

No comments:

Post a Comment