အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်
ကာကွယ်ရေးအဖွဲ့တစ်ခုရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်
အထူးသဖြင့် နတ်သမီးတွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ
ဒါကလည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်းအရာတွေကြောင့် လုပ်နေရတာပါပဲ
ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ
ရက်စက်တယ်လို့သတ်မှတ်ထားတဲ့ အကောင် ကြီးတွေမှာ လည်းသူတို့လို့နှလုံးသားရှိလေတော့ သိမ်မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်
အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက်ပါတဲ့ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်
အဲ့ဒါကြောင့်ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာလည်းဖြစ်လာတယ်
ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး
တစ်နေ့တော့ အလွန်တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တဲ့အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ်မိကြတယ်
ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်
ကာကွယ်ရေးအဖွဲ့တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ်
ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ
ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ
ရှေးရိုးစွဲအယူအဆတွေကို ၁ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ် ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇတ်ကားလေးပါ
နောက်ခံသီးချင်းလေးတွေကလည်း အရမ်းကိုကောင်းလွန်း တာမို့ ဇတ်လမ်းဇတ်ကွက် ရသမြောက်လွန်းတယ်လို့ညွှန်းပါရစေ ကဲခံစားကြည့်လိုက်ပါဦးလို့
Credit:Channel Myanmar

No comments:
Post a Comment