Friday, May 18, 2018

C010 Wall-E (2008) {Animation,Adventure,Family}

ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်
ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ…
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ…
ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..
ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်
ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။
ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်….
အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်
ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..
ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။
အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..
ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..
ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..ဆက်လက်ခံစားကြည့်ရှုကြပါ
Credit:Channel Myanmar

No comments:

Post a Comment