Friday, May 18, 2018
C024 Return To Never Land (2002) {Animation,Adventure,Family}
ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်…
ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်…
အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်…ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်…
ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်…
ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်…
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်…
ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်…
ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်…
ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်..
ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..
ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..
တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့
ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်…
အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ…
ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..
အဲတော့ ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ…
သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား…
Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်…
ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment