Friday, May 18, 2018

C030 Coraline (2009) {Animation,Family,Fantasy}


မိသားစုသုံးစုလောက် နေလို့ရတဲ့ ပန်းရောင်ရဲတိုက်ကြီးသို့ မိသားစုတစ်စုပြောင်းလာခဲ့ပါတယ်
ရဲတိုက်ရဲ့မူလပိုင်ရှင်က ကလေးရှိတဲ့မိသားစုကို အခန်းငှားခွင့်မပြုပေမဲ့ ရဲရင့်စူးစမ်းတဲ့ ကလေးမလေးတစ်ယောက် သူ့မိသားစုကို ငြူစူရင်း လိုက်ပါလာခဲ့ပါတယ်။
ကလေးမလေးနာမည်ကတော့ ကိုရာလိုင်းပါ
အဲဒီညမှာပဲ သူမဟာ အိမ်ထဲမှာ တံခါးပေါက်သေးသေးလေးရှိတာကို သတိထားမိပြီး ဝင်သွားမိတဲ့အခါမှာတော့ ထူးဆန်းအံ့ဖွယ်တွေနဲ့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကိုတွေ့ရှိခဲ့ပါတယ်။
အဲဒီပတ်ဝန်းကျင်မှာပဲ မွေ့လျော်နေတဲ့  ကိုရာလိုင်းတစ်ယောက် ကြောင်တစ်ကောင်နဲ့မိတ်ဆွေဖွဲ့မိပြီး မထင်မှတ်တဲ့ အန္တရာယ်ဆိုးကြီးကို သတိပြုမိလိုက်တဲ့အခါမှာတော့…။
2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Coraline ရုပ်ရှင်ဟာဆိုရင် Nail Gaiman ရဲ့ ဝတ္တုကိုအခြေခံထားပြီး stop-animation တွေထုတ်လုပ်နေကျ LAIKA production ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာ၊ ဇာတ်ကောင်ဒီဇိုင်းနဲ့ ထုတ်လုပ်မှုဒီဇိုင်းတွေကြောင့်လဲ အကယ်ဒမီဆုတွေရရှိခဲ့ပါတယ်။
Animation ပေမဲ့ရယ်စရာမဟုတ်သလို ဗြုန်းကြီးထိတ်လန့်စရာမျိုးလဲမဟုတ်ပဲနဲ့ ရင်ဖိုကျောချမ်းစိတ်လှုပ်ရှားဖွယ်ရာမျိုးဖြစ်ပါတယ်။
ချမ်းအေးပြီး ဆိတ်ငြိမ်တဲ့ ညမျိုးလေးမှာ ခံစားကြည့်ရှုဖို့အသင့်တော်ဆုံးပေါ့ဗျာ။
Credit:Mmsubtitles.co

C029 Sleeping Beauty (1959) {Animation,Family,Fantasy}


အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ယနေ့ထက်ထိတိုင်အောင်မြင်မှု့တွေရရှိနေတဲ့  Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….
ဒီကားလေးနဲ့အတူစင်ဒရဲလား..စနိုးဝှိုက်နဲ့ တခြားသော Disney မင်းသမီးလေးကားများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်…
ဒီကားလေးဟာလူငယ်တွေများရေပန်းစားခဲ့ပြီး ယုံတမ်းပုံပြင်နဲ့အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ဒီနေ့ထိတိုင် ကလေးငယ်တွေကြားရေပန်းစားခဲ့ပါတယ်…
အားလုံးသိကြတဲ့အတိုင်းပဲ အိပ်ပျော်နေတဲ့မင်းသမီးလေးကိုတကယ့်ဖူးစာရှင်တစ်ဦးတည်းကသာ နမ်းမှသာ ကျိန်စာတွေပျယ်သွားမှာပဲဖြစ်ပါတယ်…
Disney ရဲ့ တင်ဆက်ခဲ့သမျှ Animation ကားတွေထဲက ကားကောင်းတစ်ကားအဖြစ်ပါဝင်နေပြီးတော့ ရောင်းအားအကောင်းကားနဲ့စာအုပ်တွေအဖြစ်ပါထွက်ရှိခဲ့ပါတယ်…
ကျွန်တော်တို့ငယ်ငယ်လေးတည်းက အရမ်းကိုနှစ်သက်ခဲ့ရတဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး..
ဒါကြောင့် အိပ်ရာဝင်ပုံပြင်အဖြစ်ကော ယခုခေတ်ကလေးငယ်လေးတွေပါ ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်…
Credit:Channel Myanmar

C028 Megamind (2010) {Animation,Action,Comedy}


ဇာတ်လမ်းအစတွင် မက်ဂါမိုင်းဖြစ်လာမည့် ဂြိုဟ်သားလေးတစ်ဦးဟာ သူ့ရဲ့ဂြိုဟ်ကနေ ကမ္ဘာဂြိုဟ်ကိုကျရောက်လာခဲ့ပါတယ်။
သူနဲ့အတူ မက်ထရိုမန်းလူစွမ်းကောင်းဖြစ်လာမည့် ကလေးတစ်ဦးလည်းကျရောက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်မတူညီတဲ့ နေရာအသီးသီးကိုကျေ ရာက်ခဲ့ပြီး ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းမှာပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ဆရာ ဆရာမများနှင့် ကျောင်းသားများက လူစွမ်းကောင်ြး ဖစ်လာမည့် ကလေးကို သဘောကျချစ်ခင်ကြပေမယ့်
ဂြိုဟ်သားလေးဘာပဲလုပ်လုပ် အမုန်းခံရပြီးအပယ်ခံရလာတော့ နောက်ဆုံးမှာ ဂြို ဟ်သားလေးဟာ ဗီလိန်အဖြစ်ကြီးပြင်းလာခဲ့တာကို ဇာတ်လမ်းအစအခြေပြုကာ ထိုဗီလိန်ဂြိုဟ်သားလေးဟာ မြို့ကြီးကိုဘယ်လို တိုက်ခို က်ဖျက်ဆီးသလဲ
လူစွမ်းကောင်းလေးကရော ဘယ်လိုတွေအကျိုးပြုသလဲ
နောက်ဆုံးမှာ ဂြိုဟ်သားလေးဟာ ဘယ်လိုတွေပြောင်းလဲခဲ့တယ်ဆိုတာကို ကြည့်ရှုရမယ့် Animation ဇာတ်လမ်း ပရိတ်သတ်များ သဘောကျနှစ်ခြိုက်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
Credit:Channel Myanmar

C027 The Princess and the Frog (2009) {Animation,Adventure,Comedy}


Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မ၀င်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာ ပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….
နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ ပူးပေါင်းထားတဲ့စုန်းဘိုးတော်….
အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….
တီယာနာ့ သူငယ်ချင်းပါတီပွဲမှာ တီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…
ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲ
အရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲ
သူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…..
Disney ရဲ့အကောင်းဆုံး Animation Effect တွေနဲ့ချစ်စရာပိုးစုန်းကြူးလေးတွေ မိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation  ကားလေးပဲဖြစ်ပါတယ်…
တကယ်ချစ်လာပြီဆိုရင် အချစ်ကြောင့်လူတွေပြောင်းလဲသွားနိုင်တယ်ဆိုတာ ဒီကားလေးထဲမှာကြည့်ရမှာပဲဖြစ်ပါတယ်…
Credit:Channel Myanmar

C026 Tinker bell and The Pirate Fairy (2014) {Animation,Adventure,Family}


ဒီအပတ် စနေနေ့ Weekend Special အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Tinker Bell Series တွေထဲမှာ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Tinker Bell – The pirate fairy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ကျွန်တော်က Tinker Bell ကို ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Peter Pan ဇာတ်ကားမှာ စသိခဲ့တာပါ။
အဲဒီ ပီတာပန်ဇာတ်ကားဟာ ကျွန်တော်ကလေးဘဝ ကြည့်ဖူးသမျှ ကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးပါ။ ခဏခဏပြန်ပြန်ကြည့်ပါတယ်။
မိကျောင်းကြီးက နာရီသံတချက်ချက်နဲ့ ရေထဲကပေါ်လာတဲ့အခန်းဆို အခုထိကို ရယ်နေရတုန်းပါပဲ။
ဒီ Pirate Fairy ဟာလည်း Tinker Bell Series တွေထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Tinker Bell က ရွှေမှုန်လေးတွေကြဲလိုက်တဲ့အခါ ရွှေမှုန်လေးတွေနဲ့ ထိတဲ့သူမှန်သမျှ လေပေါ်ပျံလို့ရသွားတယ်လေ။
အစောပိုင်းထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာ ဒါကို တင်ပြထားပါတယ်။
ဒီဇာတ်ကားမှာတော့ ဒီရွှေမှုန်လေးတွေကို ဘယ်လိုပြုလုပ်တယ်ဆိုတာကနေ ဇာတ်လမ်းစထားပါတယ်။
Pixie Hollow ထဲမှာ ရွှေမှုန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ Dust Keeper တွေ ရှိပါတယ်။
သူတို့က အဲဒီအမှုန်လေးတွေကို အထူးဂရုတစိုက် ထုပ်ပိုးသိမ်းဆည်းရပါတယ်။
Magic Spell ပြင်းထန်တဲ့ ဒီအမှုန်လေးတွေဟာ မကောင်းသူတွေလက်ထဲရောက်သွားရင် အင်မတန် အန္တရာယ်ကြီးတာကိုး။
ရွှေမှုန်လေးတွေကို ဘယ်ကရသလဲဆိုတော့ အပြာရောင်မှော်အမှုန်လေး (blue pixie dust) လေးကနေ ဖန်တီးယူတာပါ။
အဲဒီအပြာရောင် အမှုန်လေးတွေက အဓိကအသက်ပါပဲ။
အဲဒိအတွက် သေသေချာချာ သိမ်းဆည်းထားပြီး အထူးတာဝန်ပေးခံရတဲ့သူတွေသာ အနားကပ်ခွင့်ရှိပါတယ်။
တစ်နေ့မှာတော့ အပြာရောင်အမှုန်လေးတွေကို သိမ်းထားတဲ့လျှို့ဝှက်ခန်းထဲကနေ သွားယူဖို့အတွက် Zarina ဆိုတဲ့ Dust Keeper လေး ကို တာဝန်ပေးလိုက်ပါတယ်။
ဒီနတ်သမီးလေးကတော့ စပ်စုစိန်လေးပါပဲ။ အရာရာကို အသစ်ဖန်တီးချင်စိတ်ရှိတဲ့ သူဟာ ရွှေရောင်အမှုန်နဲ့ အပြာရောင်အမှုန်နှစ်ခုပဲ ရှိတာကို အားမရပါဘူး။
ခရမ်းရောင်အမှုန်၊ ပန်းရောင်အမှုန်လေးတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးချင်ပါတယ်။
အဲဒိတော့ အဓိကအသက်ဖြစ်တဲ့ အပြာရောင်အမှုန်လေးတွေကို တာဝန်ပေးခံရတဲ့နေ့မှာ နည်းနည်းခိုးယူပြီး အိမ်ကိုသယ်သွားပါတယ်။
အဲဒိနောက် လျှောက်စမ်းသပ်လိုက်တာ ပန်းရောင်အမှုန်တွေ၊ ခရမ်းရောင်အမှုန်တွေ ရလာပါပြီ။
ရွှေရောင်အမှုန်လေးက ပျံသန်းနိုင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။ ခရမ်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။
ပန်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ စပ်စုတဲ့ ဒီနတ်သမီး Zarina လေး ကလိလိုက်ချိန်မှာတော့ Pixie Hollow ကြီး တစ်ခုလုံး ပျက်စီးသွားပါတယ်။
အဲဒိအတွက် အလွန်အမင်း ဒေါသထွက်သွားတဲ့ Dust Keeper ကြီးက သူ့ကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။
ဒီအခါ Zarina တစ်ယောက် သူ့ကိုနှင်ထုတ်ရပါ့မလားဆိုပြီး စိတ်ထဲမှာ အငြိုးတွေထားကာ သူ ခိုးထားတဲ့အထဲက ကျန်သေးတဲ့ အပြာရောင်အမှုန်လေးတွေကို ယူပြီး ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာတော့…..။
ဒီဇာတ်ကားဟာ အရင်က ထွက်ရှိထားတဲ့ Tinker Bell ဇာတ်ကားတွေထဲက မှော်အစွမ်းတွေ ဘယ်လိုရရှိလာသလဲဆိုတာ ရှင်းပြထားတဲ့ ဇာတ်ကားပါပဲ။
နောက်ပြီး Peter Pan ဇာတ်ကားထဲက ပင်လယ်ဓားပြကြီးနဲ့ စတင်တွေ့ဆုံပုံကိုလည်း သိရမှာပါ။
Peter Pan မှာတုန်းက သူတို့နှစ်ယောက် ရန်ဘက်ဆိုတာပဲ သိတယ်။ ဘယ်လိုကြောင့် ရန်သူတွေဖြစ်ကုန်တယ်ဆိုတာ မပါပါဘူး။
နောက်ပြီး ပင်လယ်ဓားပြကြီးလက်က ချိတ်ကြီးအကြောင်းလည်း မပါပါဘူး။ ဒီဇာတ်ကားမှာလည်း ဒါကို လျှို့ဝှက်ထားပါသေးတယ်။
နောက်ထွက်မယ့် ကားတွေမှာတော့ ပြန်ရှင်းပြမယ်လို့ မျှော်လင့်ရတာပါပဲ။
ဒါပေမယ့် ဒီဇာတ်ကားမှာ ဓားပြအုပ်စုကို တိုက်ခိုက်တတ်တဲ့ မိကျောင်းကြီးအကြောင်းကိုတော့ ရှင်းပြထားပါတယ်။
မိကျောင်းကြီးလာတဲ့အချိန်ဆို ဘာလို့ နာရီသံ တချက်ချက်မြည်တာလဲဆိုတာပါ သိခွင့်ရမှာပါ။
Disney ဟာ သူတို့ရဲ့ ထုံးစံအတိုင်း အရုပ်လှလှ၊ ရှုခင်းလှလှလေးတွေနဲ့ ကာတွန်းကားတွေ ဖန်တီးလေ့ရှိတဲ့အတွက် မိန်းကလေးတွေ အကြိုက်တွေ့ကြပါတယ်။
ဒီဇာတ်ကားဟာလည်း မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ကားကောင်းလေးတစ်ကားပါပဲ။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ….။
Credit:Channel Myanmar

C025 The Little Mermaid (1989) {Animation,Family,Fantasy}


Rating 7.6 အထိရရှိထားတဲ့ Disney ရဲ့  Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
ဒီကားလေးထဲမှာပါတဲ့ ရေသူမလေးအေရီရယ်ဟာ Disney ကပွဲထုတ်ထားတဲ့  မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး…
ပင်လယ်ပြင်ရေအောက်ရဲ့အလှအပတွေကို ဒီကားလေးထဲမှာတ၀ကြီးခံစားရမှာလည်းဖြစ်ပါတယ်….
ဒီကားလေးဟာ ကျွန်တော်တို့ငယ်ငယ်လေးတည်းက မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…..
ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်ဖြင့် ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်က မြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်….
ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာ လူသားဖြစ်အောင်ဖန်ဆင်းပေးဖို့ သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်….
ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက် တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား
သူမရဲ့သူငယ်ချင်းရေသတ္တ၀ါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ
သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လို့ရနိုင်မလားဆိုတာတွေကို ရသစုံလင်စွာ ကြည့်ရှု့အပန်းဖြေလို့ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar

C024 Return To Never Land (2002) {Animation,Adventure,Family}


ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်…
ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်…
အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်…ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်…
ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်…
ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်…
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်…
ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်…
ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်…
ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်..
ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..
ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..
တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့
ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်…
အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ…
ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..
အဲတော့  ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ…
သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား…
Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်…
ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….
Credit:Channel Myanmar

C023 Ratatouille (2007) {Animation,Comedy,Family}


Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ
Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်
သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်
တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ်
အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊
EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိုင်ပမှလားဆိုတာတွေက ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။
Animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။
IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်
Credit:Channel Myanmar

C022 Up (2009) {Animation,Adventure,Comedy}


ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။

Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။ ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက် Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။ Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘ၀နဲ့ တွေ့ကြပုံက စပြီး သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊ လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊ ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီး Ellie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီး လက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။

ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။ Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက် သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။ အဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊ Carl ရဲ့ လူငယ်ဘ၀ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့ လည်ပတ်တွေဝတ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊ Carl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။

ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ လူ့ဘ၀ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။ အနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေက ကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံဝေဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။ Don't Take People for granted ဆိုတဲ့ စကားအတိုင်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။ ဘ၀ကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။

ကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။ မိသားစုကားကောင်းလေးတစ်ကားပါ။ Pixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်ကြပါ။
(ရုပ်ရှင်မိတ်ဆက် Movie Reviews မှကူးယူဖော်ပြပါသည်။)
Credit:

C021 9 (2009) {Animation,Action,Adventure}


9.9.2009 . . . 9 ရက် 9 လ 2009 ခုနှစ်နေ့မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ Animation ဇာတ်ကားလေးကို ဒီနေ့အတွက် တင်ပေးလိုက်ပါပြီ။
ဒီဇာတ်ကားလေးဟာ IMDb rating 7.1/10 အထိရရှိထားပြီး . Animation ကြိုက်တဲ့ ပရိတ်သက်ကြီးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်ဆိုတာ ရဲရဲကြီးပြောချင် ပါတယ်။
ဇာတ်လမ်းရဲ့အကြောင်းအရာ အကျဉ်းကိုမပြောပြတာက ကောင်းလွန်းတဲ့အတွက် ပရိတ်သက်ကြီးကို spoiler အဖြစ်မခံဘဲ ကိုယ်တိုင်ခံစားကြည့်ရှုစေချင်လို့ပါ။
ဒါရိုက်တာ Shane Acker ဖန်တီးထားပြီး အသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရထဲကတစ်ခုအပါအဝင်ပါဘဲ။
ဒီဇာတ်ကားလေးရဲ့နာမည်ပေးထားတာက 9 .
ဇာတ်ကောင်အကောင်လေးတွေအရေအတွက်က 9 .
ထုတ်လုတ်တဲ့ Date ကလည်း 9.9.09 .
ထူးခြားမှုလေးတွေနဲ့ပြည့်နှက်နေတဲ့ 9 Animation . . .
Credit:Channel Myanmar

C020 Howl's Movie Castle (2004) {Animation,Adventure,Family}


Studio Ghibi ရဲ့ animation ကားကောင်းလေးတွေ ကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလို လောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါ
မှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ
ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက် လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက် ဘယ်လိုမတော်တဆတွေ့ကြမလဲ
လူသားနဲ့စုန်းထီးဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့
အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာအဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင်
မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ဟအိုယုတစ်ယောက်လူသားတွေနဲ့ မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်က ဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲ
ဆိုဖီလေးရဲ့ကျိန်စာကောပျက်ပြယ်သွားမှာလား
ဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ်တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ
animation ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်
Credit:Channel Myanmar

C019 Cloudy with a Chance of Meatballs 2 (2013) {Animation,Action,Adventure}


မိုးလေ၀သကနေ အစားအစာထုတ်တဲ့ ကားလေးဆိုရင်လူတိုင်းသိကြမှာပဲဖြစ်ပါတယ်…
ငယ်ငယ်တည်းကသိပ္ပံပညာကိုရူးသွပ်တဲ့ဖလင့်ဟာ နည်းပေါင်းစုံသုံးပြီးတော့လက်တွေ့စမ်းသပ်မှု့တွေလုပ်ခဲ့ပါတယ်….
မိဘတွေတားမြစ်တဲ့ကြားက ရူးသွပ်နေမြဲဖြစ်တဲ့ ဖလင့်ဟာနောက်ဆုံးတော့  ဂြိုလ်တုလေးတစ်ခုထဲကိုရေလေးထည့် ကိုယ်လိုချင်တဲ့စားစရာတွေကို နှိပ်ပေးလိုက်ရုံနဲ့ စားစရာတွေအလိုလျောက်ကျလာတဲ့ စားစရာထုတ်မိုးလေ၀သစက်ကိုတီထွင်နိုင်ခဲ့ပါတယ်….
သူ့ရဲ့တီထွင်မှု့ဟာအောင်မြင်ခဲ့သလို ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်လာခဲ့ပါတယ်…..
အဲလိုဘေးထွက်ဆိုးကျိုးတွေအတွက်ကြောင့် နောက်ဆုံးမှာသူကိုယ်တိုင်ပဲသူတီထွင်ပြီး သူအမြတ်တနိုးထားရတဲ့ အဲစက်လေးကိုဖျက်ဆီးခဲ့ရပါတယ်….
ဒီကားလေးကတော့ ထိုအပိုင်းလေးရဲ့နောက်ဆက်တွဲကားလေးဖြစ်ပါတယ်….
ဒီအပိုင်းလေးမှာ သူဖျက်ဆီးခဲ့တဲ့ စားစရာထုတ်မိုးလေ၀သစက်နဲ့မပြီးသေးတဲ့နောက်ဆက်တွဲ ပြသနာတွေကိုဖြေရှင်းရမှာပဲဖြစ်ပါတယ်….
ချစ်စရာ Animation လေးတွေနဲ့ရိုက်ကူးထားတဲ့ ဒီ Animation လေးဟာ ကြည့်ရသူများအဖို့ တကယ်ကိုကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar

C018 Everyone's Hero (2006) {Animation,Adventure,Comedy}

၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေက သူ့ကိုဆိုမပါစေချင်ပါဘူး။
အမြဲအဖယ်ကျဉ်ခံရပါတယ်။
ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။
တစ်ရက်သူ့အဖေအလုပ်ဆီ သူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့ နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။
ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကိုြ မင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာ ထိုရိုက်တံကို ပြန်လည်ခိုးယူပြီး ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကို ရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်…
Credit:Channel Myanmar

C017 Meet The Robinsons (2007) {Animation,Adventure,Comedy}

ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ …
မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး…
ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း????)
ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်..
တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့..
တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး…
စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး…
အနာဂတ်ကလာတာ????
ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ …
ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်…
သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့
Credit:Channel Myanmar

C016 Bling (2016) {Animation}

အချစ်ဆိုတာ အရာရာကိုပြောင်းလဲစေနိုင်တယ်တဲ့ ဟုတ်ပါ့မလား
ငယ်စဉ်ဘ၀ကတည်းက တိတ်တခိုးဆွဲလမ်းနေခဲ့ရသော ဆမ် ကြီးလာတော့ မိမိချစ်သူ ဆူး ကို အကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့်လည်း အခွင့်မကြုံပဲ အရာရာ တလွဲတွေသာ လုပ်မိတဲ့အခါမှာတော့ ဘယ်လိုတွေကြုံတွေ့ရမလဲ
အချစ်ကြောင့် မိုက်ကန်းနေတဲ့ ချစ်လူမိုက်ကြီး ဗစ်တာနဲ့ ကြုံတွေ့နေရတဲ့အခါမှာတော့ ဘယ်လိုတွေများ ရင်ဆိုင်ဖြေရှုင်းကြမလဲဆိုတာ ဆက်လက် ကြည့်ရှူလိုက်ကြပါအုံးဗျာ
Credit:Channel Myanmar

C015 Cars 3 (2017) {Animation,Adventure,Comedy}


ဇာတ်လမ်းပုံစံကတော့ မက်စ်ကွင်းစ် ရဲ့ ခြေကျချိန် ကို ရောက်လာပြီ ဆိုတဲ့ သတိပေးချက်နဲ့ အတူ ပြိုင်ကွင်းမှာပဲလူငယ် မုန်တိုင်းဂျက်ဆင် ကို ပိုးစိုးပက်စက် ရှုံးနိမ့်သွားခဲ့တာနဲ့ ဇတ်လမ်းကို ဇတ်ရှိန်စမြင့်ပေးလိုက်ပါတယ်
မက်စ်ကွင်း ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာကြောင့်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှုတွေလိုအပ်နေတဲ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ အတွက် တဖန် ပြန်လည်ပြင်ဆင်ရာတွင် လေ့ကျင့်ပေးသူခရူးစ် နဲ့ စတင်တွေ့ဆုံခဲ့ရပြီး ခရူးစ် ရဲ့ စိတ်ဓါတ်မြင့်တင်ပေးမှု တွေနဲ့ မက်စ်ကွင်းစ် ဟာလူငယ်လေးတွေကြား ကားပြိုင်ကွင်းအတွင်း အပြေးလှမ်းဖို့ ရောက်ရှိလာတဲ့အခါမှာတော့…
Credit:Channel Myanmar

C014 Cars 2 (2011) {Animation,Adventure,Comedy}

ဒီဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်ထွက်animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Cars ရဲ့ဒုတိယကားလေးပဲဖြစ်ပါတယ်။
ပထမဇာတ်ကားမှာထဲကပရိသတ်အခိုင်အမာရထားတဲ့ဇာတ်ကားလေးဆိုတော့အထူးညွှန်းစရာမလိုတော့ပါဘူး။
ဒီဇာတ်လမ်းထဲမှာတော့ဂျိန်းစဘွန်းဇာတ်ကားထဲကလိုအက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာပါ။
ကားမောင်းပြိုင်ပွဲနဲ့စပိုင်တွေရဲ့အက်ရှင်အလန်းစားတွေပေါင်းစပ်ထားတဲ့ဒီဇာတ်ကားလေးဟာလည်းပရိတ်သက်အကြိုက်တွေ့မှာအသေအချာပါပဲဗျာ။
IMDb rating ကတော့ 6.2/10 ဖြစ်ပါတယ်။
Credit:Channel Myanmar

C013 Cars 1 (2006) {Animation,Comedy,Family}

အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်ထွက် IMDB rating 7.1/10 ရထားတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဒီဇာတ်ကားထဲမှာဆိုရင်Lightning McQueen ဆိုတဲ့ပြိုင်ကားလေးဟာကယ်လီဖိုးနီးယားမှာပြိုင်မယ့်ပစ္စတင်ဖလားပြိုင်ပွဲကိုသွားတဲ့လမ်းက Radiator Springs ဆိုတဲ့မြို့ငယ်လေးရဲ့လမ်းမကိုမတော်တဆပျက်ဆီးအောင်လုပ်မိသွားပြီးတော့ပြန်လည်ပြင်ဆင်ဖို့အတွက်အပြစ်ပေးခံရပါတယ်။
သူဟာ Radiator Springs ဆိုတဲ့မြို့လေးမှာဘယ်လိုတွေကြိုးစားပြီးတော့ ပြိုင်ပွဲမှာအနိုင်ရရှိမလဲဆိုတာတော့စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။
Credit:Channel Myanmar

C012 Smurfs- The Lost Village (2017) {Animation,Adventure,Comedy}

ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။
တစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့် ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်
စည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့ စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။
သူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက် လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။
စမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှာဖွေနေတာပါ။
ဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။
စမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာ လမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊
အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့ အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။
အဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ်လေးတွေဆိုတာ သိခဲ့ ကာ အချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။
ထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက် စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။
ပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊
စမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာ
ဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။
ဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့
ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ http://www.7daydaily.com မှကူးယူဖော်ပြထားတာ ပဲဖြစ်ပါတယ်။)
Credit:Channel Myanmar

C011 Tinker Bell and the Legend of the NeverBeast (2014) {Animation,Adventure,Family}

အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်
ကာကွယ်ရေးအဖွဲ့တစ်ခုရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်
အထူးသဖြင့် နတ်သမီးတွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ
ဒါကလည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်းအရာတွေကြောင့် လုပ်နေရတာပါပဲ
ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ
ရက်စက်တယ်လို့သတ်မှတ်ထားတဲ့ အကောင် ကြီးတွေမှာ လည်းသူတို့လို့နှလုံးသားရှိလေတော့ သိမ်မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်
အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက်ပါတဲ့ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်
အဲ့ဒါကြောင့်ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာလည်းဖြစ်လာတယ်
ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး
တစ်နေ့တော့ အလွန်တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တဲ့အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ်မိကြတယ်
ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်
ကာကွယ်ရေးအဖွဲ့တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ်
ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ
ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ
ရှေးရိုးစွဲအယူအဆတွေကို ၁ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ် ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇတ်ကားလေးပါ
နောက်ခံသီးချင်းလေးတွေကလည်း အရမ်းကိုကောင်းလွန်း တာမို့ ဇတ်လမ်းဇတ်ကွက် ရသမြောက်လွန်းတယ်လို့ညွှန်းပါရစေ ကဲခံစားကြည့်လိုက်ပါဦးလို့
Credit:Channel Myanmar

C010 Wall-E (2008) {Animation,Adventure,Family}

ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်
ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ…
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ…
ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..
ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်
ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။
ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်….
အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်
ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..
ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။
အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..
ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..
ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..ဆက်လက်ခံစားကြည့်ရှုကြပါ
Credit:Channel Myanmar

C009 Puss in boob (2011) {Animation,Action,Adventure}

ကြောင်ချစ်တတ်သူတွေ အတွက် ချစ်စရာ အမူအရာလေးများနဲ့ ပုံဖော်ထားတဲ့ ကြောင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက IMDb 6.7 ….RT(84%) ရရှိထားပြီး ကြောင်ချစ်တတ်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။
ဇာတ်လမ်း အကျဉ်းလေးကတော့
ဥပဒေဘောင် အပြင်က ကြောင်အပေအတေလေးရယ် သူ့ငယ်သူငယ်ချင်း ကြက်ဥလေးရယ်နဲ့ ချီးထုပ်ကြောင်မလေးတို့ရဲ့ ရွှေဥဥ တဲ့ ငန်းရှာပုံတော်ဖြစ်ပြီး သူတို့ခိုးလာတဲ့ငန်းပေါက်လေးရဲ့ အမေက လိုက်လာတဲ့ အခါမှာတော့ ဆက်လက် ကြည့်ရှူလိုက်ပါတော့ဗျာ။
Credit:Channel Myanmar

C008 Frozen (2013) {Animation,Adventure,Comedy}

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။
ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။
သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ၀ံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။
Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိုင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိုင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိုင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.5 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို Movie Guide Facebook မှကူးယူဖော်ပြပါသည်။)
Credit:Channel Myanmar

C007 The Incredibles (2004) {Animation,Action,Adventure}

Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။)  animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ၀ယ်ယူခဲ့ပါတယ်။
Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအ၀င် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆိုပြီး ဝေဖန်ခံရပြီး၊ ကျန် ၁၃ ကားလုံးက ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွှမ်းခြင်းကိုခံထားရပါတယ်။ ဒီဘက်ခေတ်မှာ Pixar ကထုတ်တဲ့ကားကို ကောင်းပြီးသားလို့ဆို ရလောက်တဲ့အထိ အရှိန်အ၀ါ ကြီးလှပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ Pixar က The Good Dinosaur ဆိုပြီး နောက်ထပ် တစ်ကားထွက်ဖို့ရှိပြီး ပထမဆုံးအကြိမ် တစ်နှစ်ထဲ နှစ်ကားထုတ်တာဖြစ်ပါတယ်။
The Incredibles က အကောင်းဆုံး ကာတွန်းကားတွေထဲက တစ်ကားသာမက အကောင်းဆုံး Superhero ကားတွေထဲမှာပါ တစ်ကားအပါအ၀င် အဖြစ်သတ်မှတ်ထားကြပါတယ်။ Incredibles မှာ ‘S’ ပါရတာက ဒါသူတို့ မိသားစုတစ်ခုလုံး ညွှန်းရင် ဒီလိုပဲ သုံးပါတယ်။ ဥပမာ Mr and Mrs Smith ကို The Smiths လို့ သုံးကြပါတယ်။
သူရဲ့ ဇာတ်လမ်းက အရင်တုန်းက Superheros တွေရှိကြပေမယ့် သူတို့ကြောင့် အပျက်အဆီးတွေများလာသလို လူတွေထိခိုက် ဒဏ်ရာရတာတွေများလာလို့ အစိုးရက သူတို့ကို သာမန်လူတွေအဖြစ်သူနေရမယ်လို့ သတ်မှတ်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာဆို Mr. Incredible က ကိုယ်ကိုယ်ကို သတ်သေမယ့်သူကို ကယ်ရင် ဒီလူက ဒဏ်ရာရသွားတော့ သူ့ကို တရားပြန်ဆွဲတာမျိုးတွေဖြစ်လာပါတယ်။ ဒီကားမှာ Mr.Incredible က သန်မာတဲ့ Hero ဖြစ်ပြီး၊ သူ့မိန်းမ ဖြစ်သူ က Elastic Girl ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာကို လိုသလို ဆန့်ထုတ်လို့ ရပါတယ်။ သူတို့ ကလေးနှစ်ယောက်မှာ အမဖြစ်သူက ကိုယ်ပျောက်၊ သားဖြစ်သူက အရမ်း မြန်ပါတယ် (Quicksilver/Flash လိုပါ)။ Mr.Incredible မှာ Forzone လို့ခေါ်တဲ့ ရေခဲခဲလို့ရတဲ့ ဟီးရိုး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့ကတော့ အဓိက ဇာတ်ကောင်တွေပါ။ အခြားဟီးရိုးတွေ ရှိပါသေးတယ်။
ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို၊ သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။ ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လို့ကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။
အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကား ကောင်းလေးဖြစ်ပါတယ်။ မိသားစု အတူတူကြည့်ဖို့ ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။
Credit:Channel Myanmar

C006 Coco (2017) {Adventure,Animation,Comedy}


ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့ (၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့ မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက် စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။ အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီး သမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့ တားမြစ်ခဲ့ပါတယ်။ အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ် ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။ အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးက သူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။ မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီး သူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာ သူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာ သိသွားခဲ့ပါတော့တယ်။ တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာ မစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့် သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။ အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့ မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။ သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့ မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲ သေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။ သေသူတွေနေတဲ့မြို့ (Land of Dead) မှာ မစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့ ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကို လိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာ ဘာတွေရင် ဆိုင်ရမှာလဲ။ သူအားကျနေရတဲ့ အဘိုးရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာ ဘာတွေဆက်ဖြစ် မလဲဆိုတာတော့…. ။
(ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)
Credit:Channel Myanmar

C005 The Son of Bigfoot (2017) {Animation,Comedy,Family}

လောလောလတ်လတ်ထွက်ရှိလာတဲ့ ကာတွန်းကားအသစ်လေး The Son of Bigfoot(2017)ကိုတင်ဆက်ပေးလိုက်ပါတယ်။
2017မှာထွက်ရှိလာတဲ့ကားတွေထဲ ဒီဇာတ်လမ်းလေးကတော့ ဇာတ်အိမ်ကျယ်ကျယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ကားလေးလို့ပြောရမှာပါပဲ။
ဂြိုလ်သားတို့ နဂါးတို့ ခြေထောက်အကြီးကြီး သတ္တဝါတွေဆိုတာ ယုံတမ်းပုံပြင်လို့ အားလုံးကထင်မှတ်ထားကြတာပါ။
အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲ အက်ဒမ်ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့အဖေဟာ ဒီလိုသတ္တဝါကြီးဖြစ်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။
ဒီလိုစိတ်ဝင်စားစရာမထင်မှတ်ထားတဲ့ Storyline လေးနဲ့ ဒီကားလေးကတော့ Imdb Rating 6.1% Rotten Tomatoes 88 ရရှိထားတာမို့ ဇာတ်လမ်းကောင်းလေးဆိုတာ အထွေအထူးမညွှန်းတော့ပဲ ကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။
Credit:Channel Myanmar

C004 Hotel Transylvania 2 (2015) {Animation,Comedy,Family}

2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက် 2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကို တင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကို အားလုံးပဲမျှော်လင့်နေကြမှာပါ။ ဒီဇာတ်ကားလေးဟာ မကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့ သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။ Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့ လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။ Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာ သားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့ သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီး သူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့ Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။ Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူး Movie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainment ကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါ သုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ဟာသအဖြစ်နဲ့ တင်ဆက်နိုင်ခဲ့တာပါ။ ဒီဇာတ်လမ်းကိုရေးသားခဲ့တဲ့  Robert Smigel နဲ့ Adam Sandler တို့ရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ ဇာတ်ကားရဲ့အသံပိုင်းဆိုင်ရာQualityဟာကောင်းလွန်းတာကြောင့် ကျွန်တော် Encoded လုပ်ရာမှာမူရင်း Sound Qualityကိုမကျအောင် အထူးသတိထားပြီးလုပ်ပေးထားပါတယ်။အဲ့အတွက် Sound Box ကောင်း၂ Speaker ကောင်း၂ရှိသူများကတော့ အိမ်ခန်းထဲမှာတင်ရုပ်ရှင်ရုံမှာကြည့်နေရသဖွယ်ခံစားစေရပါမယ်။ ဒါရိုက်တာ Genndy Tartakovsky ရိုက်ကူးထားပြီး ရုံတင်ပြသခဲ့ချိန်မှာလည်းအောင်မြင်တဲ့ကား တစ်ကားဖြစ်နေပါတယ်။ အဲ့ထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက အသံပိုင်းဆိုင်ရာသရုပ်ဆောင်များပါပဲ . ဇာတ်ညွှန်းရေးဆရာ ၂ ဦးလုံးဟာဇာတ်ညွှန်းရေးပေးရုံမကဘဲ Count Dracula နေရာမှာ Adam Sandler ကသရုပ်ဆောင်ပြီး . Jonathan နေရာမှာ Robert Smigelတို့ကသရုပ်ဆောင်ပေးထားပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ 2012 Part 1 ထွက်တုန်းက ကျွန်တော်တို့လုံးဝသတိမထားမိခဲ့ပါဘူး။ Dracula မလေး Mavisရဲ့ နေရာကိုအသံသရုပ်ဆောင်ပေးတာဟာ မင်းသမီးချောလေး Selena Gomez ပါပဲ။ ကဲ ဒီတော့ ပရိတ်သက်ကြီးရေ . . . Animation ဇာတ်ကားကောင်းကောင်းလေးကို ကော်ဖီလေးတစ်ခွက်နဲ့သာဇိမ်ကျကျကြည့်ရှုဖို့ Download သာဆွဲကြပေတော့ဗျို့ ။
Credit:Channel Myanmar

C003 Hotel Transylvania (2012) {Animation,Comedy,Family}

ဒီတစ်ခါတော့ စိတ်အပန်းဖြေအနေနဲ့ကြည့်လို့တော်တော်လေးကောင်းတဲ့ ကာတွန်းကားလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်…
Count Dracula ဟာသူ့ရဲ့ ဇနီး Martha သေဆုံးပြီး နောက်ပိုင်းမှာ သူ့မိန်းကို ကတိ ပေးထား ခဲ့တဲ့အတိုင်း သူတို့ ၂ ယောက်ရဲ့ သမီးလေး Mavis ကို မျက်စိ အောက်က အပျောက် မခံပဲ ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။ Count Dracula ဟာ Transylvania လို့ခေါ်တဲ့ Five Star အဆင့်ရှိ Hotel တစ်ခု တည်ဆောက် ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Frank နဲ့ သူ့ဇနီး Eunice, Wayne, Wanda နဲ့ သူတို့ရဲ့ မြေခွေး သားသမီး တစ်ဖွဲ့, Griffin ဆိုတဲ့ ကိုယ်ပျောက် လူသား, Murray ဆိုတဲ့ Mummy အစရှိတဲ့ နာမည်ကြီး Zombie တွေနဲ့ အတူ Human Free Zone ဆိုပြီး Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပဖို့ ပြင်ဆင် ကြပါတယ်။
Count Dracula ဟာ Mavis ကို အပြင်ထွက်လည် ခွင့်မပေး ချင်ပေမယ့် Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့မှာ Mavis ကို အပြင် ထွက်လည် ခွင့်ပေးခဲ့ပြီး အပြင် လောက လူသားတွေဟာ ကြောက်ဖို့ ကောင်းကြောင်း ရွာတုတစ်ခု တည်ဆောက်ပြီး Mavis ကိုခြောက်လှန့် ခဲ့ပါတယ်။ Mavis ဟာလဲ ဒီခြောက်လှန့် မှုကို တကယ်ထင် သွားပြီး အပြင်လောကကို ဘယ်တော့မှ မထွက်လို တော့ကြောင်း သူ့အဖေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် မမျှော်လင့်ပဲ ဟန်ဆောင် ခြောက်လှန့်မှု ပြုလုပ်ပြီး ပြန်လာတဲ့ Zombie တွေရဲ့ နောက်ကနေ 21 နှစ်အရွယ် Jonathan ဆိုတဲ့ လူသား တစ်ယောက်ပါ Hotel ကို ရောက်ရှိ လာခဲ့ပါတယ်။ Jonathan ဟာ Hotel ကိုရောက်စမှာ မကောင်းဆိုးဝါးလို ဝတ်ဆင်ပြီး ပြုလုပ် နေတဲ့ Party ပွဲလို့ ထင်ခဲ့ပြီး လိုက်ကြည့် နေတဲ့ အချိန်မှာ Count Dracula က ဖမ်းစည်း ခေါ်ယူ သွားပြီး ဒီ Hotel ကို ဘယ်လို ရောက်လာကြောင်း မေးမြန်း ခဲ့လို့ အဖြစ်စုံကို Jonathan က ရှင်းပြ ခဲ့ပါတယ်။ Jonathan ကို ပြန်ပို့ဖို့ ကြိုးစား ခဲ့ပေမယ့် Count Dracula ရဲ့ သူငယ်ချင်းတွေ တွေ့သွားတာကြောင့် Human Free Zone လို့ကြွေးကြော် ထားတဲ့ သူ့ရဲ့ Hotel သိက္ခာ ထိခိုက်မှာ ဆိုးတဲ့အတွက် Jonathan ကို Zombie အဖြစ်ဟန်ဆောင် ခိုင်းခဲ့ရာမှ Count Dracula ရဲ့ သမီး Mavis နဲ့ Jonathan တို့ သံယောဇဉ် ဖြစ်မိပြီး….ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါ..
ဒါရိုက်တာ Genndy Tartakovsky ရဲ့ 91 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။ အသံ သရုပ်ဆောင်တွေ အဖြစ် Dracula (voice of Adam Sandler), Jonathan (voice of Andy Samberg), Mavis (voice of Selena Gomez) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။
(အညွှန်းကိုတော့ moviereview.ygn.me မှ ပြန်လည်ကူးယူဖေါ်ပြပါသည်)
Credit:Channel Myanmar

C002 The Boss Baby (2017) {Animation,Comedy,Family}

မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေး ဘ၀ထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။
အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့ အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်း ဘော့စ်ဘေဘီလေးရဲ့ လျှိုဝှက်ချက်ကို သိသွားခဲ့ပါတယ်။
သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့ လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ…..။
ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီး ဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါ။
ကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကား ပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ် Alec Baldwin နဲ့ Older Tim အဖြစ် Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။
20th Century Fox
Credit:Channel Myanmar

C001 Angry Bird(2016) {Animation,Action,Adventure}

ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် .. Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး .. ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကို အစပျိုး မိတ်ဆက်ပေးထားပါတယ်။ ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲ ဆိုတဲ့အကြောင်းကို သိရမှာပါ .. ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်.......
Credit:Channel Myanmar