AKL Movie Store (Animation Movies)
Friday, May 18, 2018
C030 Coraline (2009) {Animation,Family,Fantasy}
မိသားစုသုံးစုလောက် နေလို့ရတဲ့ ပန်းရောင်ရဲတိုက်ကြီးသို့ မိသားစုတစ်စုပြောင်းလာခဲ့ပါတယ်
ရဲတိုက်ရဲ့မူလပိုင်ရှင်က ကလေးရှိတဲ့မိသားစုကို အခန်းငှားခွင့်မပြုပေမဲ့ ရဲရင့်စူးစမ်းတဲ့ ကလေးမလေးတစ်ယောက် သူ့မိသားစုကို ငြူစူရင်း လိုက်ပါလာခဲ့ပါတယ်။
ကလေးမလေးနာမည်ကတော့ ကိုရာလိုင်းပါ
အဲဒီညမှာပဲ သူမဟာ အိမ်ထဲမှာ တံခါးပေါက်သေးသေးလေးရှိတာကို သတိထားမိပြီး ဝင်သွားမိတဲ့အခါမှာတော့ ထူးဆန်းအံ့ဖွယ်တွေနဲ့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကိုတွေ့ရှိခဲ့ပါတယ်။
အဲဒီပတ်ဝန်းကျင်မှာပဲ မွေ့လျော်နေတဲ့ ကိုရာလိုင်းတစ်ယောက် ကြောင်တစ်ကောင်နဲ့မိတ်ဆွေဖွဲ့မိပြီး မထင်မှတ်တဲ့ အန္တရာယ်ဆိုးကြီးကို သတိပြုမိလိုက်တဲ့အခါမှာတော့…။
2009ခုနှစ်မှာထွက်ရှိခဲ့တဲ့ Coraline ရုပ်ရှင်ဟာဆိုရင် Nail Gaiman ရဲ့ ဝတ္တုကိုအခြေခံထားပြီး stop-animation တွေထုတ်လုပ်နေကျ LAIKA production ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာ၊ ဇာတ်ကောင်ဒီဇိုင်းနဲ့ ထုတ်လုပ်မှုဒီဇိုင်းတွေကြောင့်လဲ အကယ်ဒမီဆုတွေရရှိခဲ့ပါတယ်။
Animation ပေမဲ့ရယ်စရာမဟုတ်သလို ဗြုန်းကြီးထိတ်လန့်စရာမျိုးလဲမဟုတ်ပဲနဲ့ ရင်ဖိုကျောချမ်းစိတ်လှုပ်ရှားဖွယ်ရာမျိုးဖြစ်ပါတယ်။
ချမ်းအေးပြီး ဆိတ်ငြိမ်တဲ့ ညမျိုးလေးမှာ ခံစားကြည့်ရှုဖို့အသင့်တော်ဆုံးပေါ့ဗျာ။
Credit:Mmsubtitles.co
C029 Sleeping Beauty (1959) {Animation,Family,Fantasy}
အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ယနေ့ထက်ထိတိုင်အောင်မြင်မှု့တွေရရှိနေတဲ့ Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….
ဒီကားလေးနဲ့အတူစင်ဒရဲလား..စနိုးဝှိုက်နဲ့ တခြားသော Disney မင်းသမီးလေးကားများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်…
ဒီကားလေးဟာလူငယ်တွေများရေပန်းစားခဲ့ပြီး ယုံတမ်းပုံပြင်နဲ့အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ဒီနေ့ထိတိုင် ကလေးငယ်တွေကြားရေပန်းစားခဲ့ပါတယ်…
အားလုံးသိကြတဲ့အတိုင်းပဲ အိပ်ပျော်နေတဲ့မင်းသမီးလေးကိုတကယ့်ဖူးစာရှင်တစ်ဦးတည်းကသာ နမ်းမှသာ ကျိန်စာတွေပျယ်သွားမှာပဲဖြစ်ပါတယ်…
Disney ရဲ့ တင်ဆက်ခဲ့သမျှ Animation ကားတွေထဲက ကားကောင်းတစ်ကားအဖြစ်ပါဝင်နေပြီးတော့ ရောင်းအားအကောင်းကားနဲ့စာအုပ်တွေအဖြစ်ပါထွက်ရှိခဲ့ပါတယ်…
ကျွန်တော်တို့ငယ်ငယ်လေးတည်းက အရမ်းကိုနှစ်သက်ခဲ့ရတဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး..
ဒါကြောင့် အိပ်ရာဝင်ပုံပြင်အဖြစ်ကော ယခုခေတ်ကလေးငယ်လေးတွေပါ ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်…
Credit:Channel Myanmar
C028 Megamind (2010) {Animation,Action,Comedy}
ဇာတ်လမ်းအစတွင် မက်ဂါမိုင်းဖြစ်လာမည့် ဂြိုဟ်သားလေးတစ်ဦးဟာ သူ့ရဲ့ဂြိုဟ်ကနေ ကမ္ဘာဂြိုဟ်ကိုကျရောက်လာခဲ့ပါတယ်။
သူနဲ့အတူ မက်ထရိုမန်းလူစွမ်းကောင်းဖြစ်လာမည့် ကလေးတစ်ဦးလည်းကျရောက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်မတူညီတဲ့ နေရာအသီးသီးကိုကျေ ရာက်ခဲ့ပြီး ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းမှာပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ဆရာ ဆရာမများနှင့် ကျောင်းသားများက လူစွမ်းကောင်ြး ဖစ်လာမည့် ကလေးကို သဘောကျချစ်ခင်ကြပေမယ့်
ဂြိုဟ်သားလေးဘာပဲလုပ်လုပ် အမုန်းခံရပြီးအပယ်ခံရလာတော့ နောက်ဆုံးမှာ ဂြို ဟ်သားလေးဟာ ဗီလိန်အဖြစ်ကြီးပြင်းလာခဲ့တာကို ဇာတ်လမ်းအစအခြေပြုကာ ထိုဗီလိန်ဂြိုဟ်သားလေးဟာ မြို့ကြီးကိုဘယ်လို တိုက်ခို က်ဖျက်ဆီးသလဲ
လူစွမ်းကောင်းလေးကရော ဘယ်လိုတွေအကျိုးပြုသလဲ
နောက်ဆုံးမှာ ဂြိုဟ်သားလေးဟာ ဘယ်လိုတွေပြောင်းလဲခဲ့တယ်ဆိုတာကို ကြည့်ရှုရမယ့် Animation ဇာတ်လမ်း ပရိတ်သတ်များ သဘောကျနှစ်ခြိုက်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
Credit:Channel Myanmar
C027 The Princess and the Frog (2009) {Animation,Adventure,Comedy}
Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မ၀င်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာ ပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….
နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ ပူးပေါင်းထားတဲ့စုန်းဘိုးတော်….
အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….
တီယာနာ့ သူငယ်ချင်းပါတီပွဲမှာ တီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…
ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲ
အရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲ
သူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…..
Disney ရဲ့အကောင်းဆုံး Animation Effect တွေနဲ့ချစ်စရာပိုးစုန်းကြူးလေးတွေ မိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation ကားလေးပဲဖြစ်ပါတယ်…
တကယ်ချစ်လာပြီဆိုရင် အချစ်ကြောင့်လူတွေပြောင်းလဲသွားနိုင်တယ်ဆိုတာ ဒီကားလေးထဲမှာကြည့်ရမှာပဲဖြစ်ပါတယ်…
Credit:Channel Myanmar
C026 Tinker bell and The Pirate Fairy (2014) {Animation,Adventure,Family}
ဒီအပတ် စနေနေ့ Weekend Special အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Tinker Bell Series တွေထဲမှာ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Tinker Bell – The pirate fairy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ကျွန်တော်က Tinker Bell ကို ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Peter Pan ဇာတ်ကားမှာ စသိခဲ့တာပါ။
အဲဒီ ပီတာပန်ဇာတ်ကားဟာ ကျွန်တော်ကလေးဘဝ ကြည့်ဖူးသမျှ ကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးပါ။ ခဏခဏပြန်ပြန်ကြည့်ပါတယ်။
မိကျောင်းကြီးက နာရီသံတချက်ချက်နဲ့ ရေထဲကပေါ်လာတဲ့အခန်းဆို အခုထိကို ရယ်နေရတုန်းပါပဲ။
ဒီ Pirate Fairy ဟာလည်း Tinker Bell Series တွေထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Tinker Bell က ရွှေမှုန်လေးတွေကြဲလိုက်တဲ့အခါ ရွှေမှုန်လေးတွေနဲ့ ထိတဲ့သူမှန်သမျှ လေပေါ်ပျံလို့ရသွားတယ်လေ။
အစောပိုင်းထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာ ဒါကို တင်ပြထားပါတယ်။
ဒီဇာတ်ကားမှာတော့ ဒီရွှေမှုန်လေးတွေကို ဘယ်လိုပြုလုပ်တယ်ဆိုတာကနေ ဇာတ်လမ်းစထားပါတယ်။
Pixie Hollow ထဲမှာ ရွှေမှုန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ Dust Keeper တွေ ရှိပါတယ်။
သူတို့က အဲဒီအမှုန်လေးတွေကို အထူးဂရုတစိုက် ထုပ်ပိုးသိမ်းဆည်းရပါတယ်။
Magic Spell ပြင်းထန်တဲ့ ဒီအမှုန်လေးတွေဟာ မကောင်းသူတွေလက်ထဲရောက်သွားရင် အင်မတန် အန္တရာယ်ကြီးတာကိုး။
ရွှေမှုန်လေးတွေကို ဘယ်ကရသလဲဆိုတော့ အပြာရောင်မှော်အမှုန်လေး (blue pixie dust) လေးကနေ ဖန်တီးယူတာပါ။
အဲဒီအပြာရောင် အမှုန်လေးတွေက အဓိကအသက်ပါပဲ။
အဲဒိအတွက် သေသေချာချာ သိမ်းဆည်းထားပြီး အထူးတာဝန်ပေးခံရတဲ့သူတွေသာ အနားကပ်ခွင့်ရှိပါတယ်။
တစ်နေ့မှာတော့ အပြာရောင်အမှုန်လေးတွေကို သိမ်းထားတဲ့လျှို့ဝှက်ခန်းထဲကနေ သွားယူဖို့အတွက် Zarina ဆိုတဲ့ Dust Keeper လေး ကို တာဝန်ပေးလိုက်ပါတယ်။
ဒီနတ်သမီးလေးကတော့ စပ်စုစိန်လေးပါပဲ။ အရာရာကို အသစ်ဖန်တီးချင်စိတ်ရှိတဲ့ သူဟာ ရွှေရောင်အမှုန်နဲ့ အပြာရောင်အမှုန်နှစ်ခုပဲ ရှိတာကို အားမရပါဘူး။
ခရမ်းရောင်အမှုန်၊ ပန်းရောင်အမှုန်လေးတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးချင်ပါတယ်။
အဲဒိတော့ အဓိကအသက်ဖြစ်တဲ့ အပြာရောင်အမှုန်လေးတွေကို တာဝန်ပေးခံရတဲ့နေ့မှာ နည်းနည်းခိုးယူပြီး အိမ်ကိုသယ်သွားပါတယ်။
အဲဒိနောက် လျှောက်စမ်းသပ်လိုက်တာ ပန်းရောင်အမှုန်တွေ၊ ခရမ်းရောင်အမှုန်တွေ ရလာပါပြီ။
ရွှေရောင်အမှုန်လေးက ပျံသန်းနိုင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။ ခရမ်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။
ပန်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ စပ်စုတဲ့ ဒီနတ်သမီး Zarina လေး ကလိလိုက်ချိန်မှာတော့ Pixie Hollow ကြီး တစ်ခုလုံး ပျက်စီးသွားပါတယ်။
အဲဒိအတွက် အလွန်အမင်း ဒေါသထွက်သွားတဲ့ Dust Keeper ကြီးက သူ့ကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။
ဒီအခါ Zarina တစ်ယောက် သူ့ကိုနှင်ထုတ်ရပါ့မလားဆိုပြီး စိတ်ထဲမှာ အငြိုးတွေထားကာ သူ ခိုးထားတဲ့အထဲက ကျန်သေးတဲ့ အပြာရောင်အမှုန်လေးတွေကို ယူပြီး ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာတော့…..။
ဒီဇာတ်ကားဟာ အရင်က ထွက်ရှိထားတဲ့ Tinker Bell ဇာတ်ကားတွေထဲက မှော်အစွမ်းတွေ ဘယ်လိုရရှိလာသလဲဆိုတာ ရှင်းပြထားတဲ့ ဇာတ်ကားပါပဲ။
နောက်ပြီး Peter Pan ဇာတ်ကားထဲက ပင်လယ်ဓားပြကြီးနဲ့ စတင်တွေ့ဆုံပုံကိုလည်း သိရမှာပါ။
Peter Pan မှာတုန်းက သူတို့နှစ်ယောက် ရန်ဘက်ဆိုတာပဲ သိတယ်။ ဘယ်လိုကြောင့် ရန်သူတွေဖြစ်ကုန်တယ်ဆိုတာ မပါပါဘူး။
နောက်ပြီး ပင်လယ်ဓားပြကြီးလက်က ချိတ်ကြီးအကြောင်းလည်း မပါပါဘူး။ ဒီဇာတ်ကားမှာလည်း ဒါကို လျှို့ဝှက်ထားပါသေးတယ်။
နောက်ထွက်မယ့် ကားတွေမှာတော့ ပြန်ရှင်းပြမယ်လို့ မျှော်လင့်ရတာပါပဲ။
ဒါပေမယ့် ဒီဇာတ်ကားမှာ ဓားပြအုပ်စုကို တိုက်ခိုက်တတ်တဲ့ မိကျောင်းကြီးအကြောင်းကိုတော့ ရှင်းပြထားပါတယ်။
မိကျောင်းကြီးလာတဲ့အချိန်ဆို ဘာလို့ နာရီသံ တချက်ချက်မြည်တာလဲဆိုတာပါ သိခွင့်ရမှာပါ။
Disney ဟာ သူတို့ရဲ့ ထုံးစံအတိုင်း အရုပ်လှလှ၊ ရှုခင်းလှလှလေးတွေနဲ့ ကာတွန်းကားတွေ ဖန်တီးလေ့ရှိတဲ့အတွက် မိန်းကလေးတွေ အကြိုက်တွေ့ကြပါတယ်။
ဒီဇာတ်ကားဟာလည်း မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ကားကောင်းလေးတစ်ကားပါပဲ။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ….။
Credit:Channel Myanmar
C025 The Little Mermaid (1989) {Animation,Family,Fantasy}
Rating 7.6 အထိရရှိထားတဲ့ Disney ရဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
ဒီကားလေးထဲမှာပါတဲ့ ရေသူမလေးအေရီရယ်ဟာ Disney ကပွဲထုတ်ထားတဲ့ မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး…
ပင်လယ်ပြင်ရေအောက်ရဲ့အလှအပတွေကို ဒီကားလေးထဲမှာတ၀ကြီးခံစားရမှာလည်းဖြစ်ပါတယ်….
ဒီကားလေးဟာ ကျွန်တော်တို့ငယ်ငယ်လေးတည်းက မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်…..
ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်ဖြင့် ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်က မြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်….
ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာ လူသားဖြစ်အောင်ဖန်ဆင်းပေးဖို့ သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်….
ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက် တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား
သူမရဲ့သူငယ်ချင်းရေသတ္တ၀ါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ
သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လို့ရနိုင်မလားဆိုတာတွေကို ရသစုံလင်စွာ ကြည့်ရှု့အပန်းဖြေလို့ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar
C024 Return To Never Land (2002) {Animation,Adventure,Family}
ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်…
ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်…
အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်…ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်…
ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်…
ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်…
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်…
ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်…
ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်…
ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်..
ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..
ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..
တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့
ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်…
အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ…
ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..
အဲတော့ ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ…
သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား…
Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်…
ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….
Credit:Channel Myanmar
Subscribe to:
Comments (Atom)






